နောက်ဆုံးရည်မှန်းချက်
05-Dec-2017သက်ပြည့်ပင်စင်ယူတော့မည့် ယောကျ်ားအား မိန်းမဖြစ်သူက -
“ ဘယ်လောက်ပဲ ကျန်းမာတဲ့သူဖြစ်ပါစေ။ တစ်နေ့အိုရဦးမယ်၊ နာရဦးမယ်၊ သေရဦးမယ် ယောကျ်ားရေ ”
“ ဒါတော့ မင်းပြောမှလား။ ငါလည်းသိသားပဲ ”
“ ဒီတော့ ရှင်ပင်စင်ယူပြီးရင် ”
“ ဘာလဲ။ ဘုရားတရားအလုပ်ကို အရင်ထက် ပိုလုပ်ကြဖို့လား ”
“ ဟုတ်ဘူး။ အိုနာစရိတ်လေးပိုကျန်အောင် ဖိတ်တဲ့အလှူမှန်သမျှ မလွတ်တမ်းသွားကြဖို့ ပြောမလို့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်